Our believe &

Statement of faith

၁။ အမှုဆောင်ခြင်း (၅)မျိုးဖြင့် တည်ဆောက်ထားသော အသင်းတော်

ဘုရားသခင်၏ခေါ်ခြင်းနှင့် အညီ မဟာစေခိုင်းချက် အတိုင်း သတင်းကောင်းအားဝေမျှခြင်း၊ အသင်းတော်များ တည်ထောင်ခြင်း၊ ယုံကြည်သူများအား နှုတ်ကပက်တော်၌ ရင့်ကျက်ကြီးထွားလျက်၊ အမှုဆောင်နိုင်သော သူများဖြစ်လာစေရန် လေ့ကျင့်ပြုစုတည်ဆောက်ပေးခြင်းတို့အတွက် ဘုရားသခင်ဘိသိက်ပေးတော်မူသောတမန်တော်၊ ပရောဖက်၊ သာသနာပြုအရာ၊သင်းအုပ်အရာ နှင့် ဆရာအရာတည်းဟူသောအမှုဆောင်ခြင်း (၅)မျိုးတို့ အပေါ်  ၌ အုတ်မြစ်ချတည်ဆောက်ထားသော အသင်းတော်ဖြစ်သည်။

၂။ ဖခင် မေတ္တာတော်၌ အုတ်မြစ်တည်သော မိသားစု

မရွေ့လျော့ မဖောက်ပြန်သော အဖခမည်းတော်၏ မေတ္တာတော်၌ နက်ရှိုင်းစွာ အုတ်မြစ်ချလျက် ထိုအုတ်မြစ်ပေါ် ၌ အင်္ဂါချင်းဝင်များ တစ်ဦး နှင့်တစ်ဦး အချင်းချင်းချိတ်ဆက်ခြင်း၊ ဝေမျှခြင်း၊ ကူညီမစခြင်း၊ လက်တွဲအမှုဆောင်ခြင်းတို့ဖြင့် မိသားစု မေတ္တာအထဲ၌ ကြီးထွားတိုးပွားနေသောအသင်းတော်ဖြစ်သည်။

၃။ မျက်မှောက်တော်အား ဆာငတ်ခြင်းဖြင့် ကြီးထွားနေသော ပျိုးပင်

ဘုရားသခင်ကို လိုချင်အားကြီးလျက် မျက်မှောက်တော်ကို ဆာငတ်မွတ်သိပ်ခြင်း စိတ်ဝိညာဉ်အားမရပ်တန့်စေပဲ ထိုဆာငတ်ခြင်းကို သာ၍အရှိန်မြင့်တင် ခြေလှမ်းလှမ်းနေသောအသင်းတော်ဖြစ်သည်။

၄။ နိုးထမှုအတွက် တောက်လောင်နေသော မီးတောက်

၀ိညာဉ်ရေးရာ၌ ခြောက်သွေ့အေးခဲ နေသော အသက်တာများ၊ မိသားစုများ၊ အသင်းတော်များ နှင့် တိုင်းနိုင်ငံများ ပြန်လည် နိုးထတောက်လောင်လာစေရန်၊ ထိုနိုးထမှုအတွက် ခန္ဓာစိတ်ဝိညာဉ် မြုပ်နှံကာ အသက်ရှင် အမှုဆောင်နေသော အသင်းတော် ဖြစ်သည်။

၅။ ပရောဖက်ပြုခြင်း အသံ

ဘုရားသခင်၏ ခွဲခန့်မှတ်သားသောအချိန် နှင့် ကာလအပိုင်းအခြားကို သိမှတ် နားလည်ကာ ဘုရားသခင်၏ ရွေ့လျားလှုပ်ရှားမှု၌ နောက်ကျမကျန်ခဲ့ပဲ ထက်မြက်စွာ လှုပ်ရှား အမှုဆောင်လျက် တိုင်းနိုင်ငံ၊ လူမျိုးများနှင့် အသင်းတော်များအပေါ်မှာစေလွှတ်သော ဘုရားသခင်၏အသံတော်အား ရဲရင့်ပြတ်သားစွာ ကြားပြောသော အသင်းတော်ဖြစ်ခြင်းသည် ကျွနု်ပ်တို့၏ ပြင်းပြသော စိတ်ဆန္ဒဖြစ်သည်။

၆။ ချီးမွမ်းခြင်းပြည့်လျှံသော အဖအိမ်တော်

ဘုရားသခင်အား အရာခပ်သိမ်းတို့အထက်၌ချီးမြောက်လျက်၊ ထိုဘုန်းကြီးသော ဘုရားအား စိတ်နှလုံးအြွကင်းမဲ့၊ အစွမ်းသတ္တိရှိသမျှ၊ ဉာဏ်ရှိသမျှဖြင့် အချုပ်အနှောင်မရှိဘဲ လွတ်လပ် ဝမ်းမြောက်စွာ ချီးမွမ်းခြင်းသည် ကျွနု်ပ်တို့ တန်ဖိုးထားသော အရာဖြစ်သည်။

our core values

VISION

နောက်ဆုံးသောကာလ ရိတ်သိမ်းပွဲကြီးအတွက် သန့်ရှင်းသော ဝိညာဉ်တော်နှင့် ပြည့်ဝသော လုပ်ဆောင်သူ မျိုးဆက်သစ်များစွာ မွေးထုတ်ပြီး မြန်မာအနှံ့နှင့် ကမ္ဘာအနှံ့တွင် နိုင်ငံတော်တည်ဆောက်ခြင်းအား မေတ္တာတော်၊ တန်ခိုးတော်အားဖြင့် လုပ်ဆောင်ရန်။

MISSION

01.

Stewardship

မိမိအား အပ်နှင်းထားသော အရည်အသွေးနှင့် ဆုကျေးဇူးများကို အသက်ရှင်စဉ်တွင်
ထုတ်ဖော်အသုံးပြု၍ တိုးပွားလာစေရန် ဘုရားသခင် အလိုရှိသည်။

02.

Impartation

ဘုရားသခင်သည်ကျွန်ပ်တို့အား အပ်နှင်းထားသော ဆုကျေးဇူးနှင့် ကောင်းချီးများကို
ထပ်ဆင့်ဝေမျှနိုင်မည့်သူများဆီသို့ လက်ဆင့်ကမ်းပေးရန် အလိုရှိသည်။

03.

Hitting the mark

ဘုရားသခင်သည်ကျွန်ပ်တို့အတွက် ကြီးမားသော အကြံအစည်ရှိပြီး ထိုအကြံအစည်ပြည့်စုံသည်
အထိ အသက်ရှင်ရန် အလိုရှိသည်။

04.

Finishing well

ကျွန်ပ်တို့၌ အပ်နှင်းထားသော အခွင့်အာဏာနှင့် တန်ခိုးကိုအသုံးပြု၍ ပန်းတုံးတိုင်အထိ အရောက်
သွားသောသူများ ဖြစ်လာရန် ဘုရားသခင် အလိုရှိသည်။

05.

Kingdom

ဘုရားသခင်၏ နိုင်ငံတော် မြေကြီးပေါ်၌ တည်ထောင်ခြင်းအမှုကိုကျွန်ပ်တို့မှတဆင့် လုပ်ဆောင်ရန် ဘုရားသခင်ပြင်ဆင်ထားသည်။

06.

Leadership Lifestyle

ကျယ်ဝန်းသောနှလုံးသား၊ ကောင်းစားသောနှလုံးသား နှင့် အစေခံသော နှလုံးသားဖြင့်

ဦးဆောင်မည့် ခေါင်းဆောင်များ ပေါ်ထွက်လာရန် ဘုရားသခင် အလိုရှိသည်။

07.

Mountains Calling

နယ်ပယ်အသီးသီးတွင် နိုင်ငံတော်၏ သဘောသဘာဝဖြင့် အသက်ရှင် လွှမ်းမိုးနိုင်သော
ခေါင်းဆောင်များပေါ်ထွက်လာရန် ဘုရားသခင်အလိုရှိသည်။

our vision & mission values

၁။ ဘိသိက်ခြင်းနှင့်ပြည့်ဝသော တရားဒေသနာနှင့် သင်ကြားခြင်းများသည် အသင်းတော်နှင့် တစ်ဦး တစ်ယောက်ချင်းစီ၏ အသက်တာ ပြောင်းလဲခြင်း အတွက်အရေးကြီး သောအကြောင်းအရာဖြစ်သည်။

Anointed teaching is key to impact individual’s life and to transform the church. (Or) Preaching sermons that are filled with anointing is an important aspect for church as a whole and individual life transformation.

၂။ ပျောက်ဆုံးဝိညာဉ်များကို ဘုရားသခင်သည် အလေးထားသကဲ့သို့ အသင်းတော်၏ အလေးထားမှု တစ်ရပ်လည်းဖြစ်သည်။

Our church treasures lost souls just as God treasures them.
(Or )
Just as God treasures lost souls, so does the church as an important matter.

၃။ အသင်းတော်သည် ကျွန်ုပ် တို့ ခံယူယုံကြည်ချက် ဝါဒ ရပ်တည်ခြင်းများ အားအပေးအယူမလုပ်ပဲ မျက်မှောက်ခေတ်ကာလနှင့် ဆိုင်သော တီထွင်ကြံဆခြင်းများ နှင့် ယဉ်ကျေးမှုအရလိုက်လျောညီထွေမှု များ ရှိသင့်သည်။

Without compromising Church values and biblical principles, church should have today’s innovation and culture.

 

၄။ ယေရှုခရစ်တော်၏ နောက်လိုက်များသည် ကြီးထွားခြင်း၊ ရင့်ကျက်လာရန် ရှာဖွေခြင်း နှင့် ခရစ်တော် ၌ ပြီးပြည့်စုံသော အသက်တာဖြစ်ရန် ဆာငတ်တောင့်တ ရှာဖွေနေသူများဖြစ်သည်။ ၎င်းသည် ဇိအုန် ရူပါရုံလည်းဖြစ်သည်။

Followers of Christ will be passionate, continue to grow into maturity and will be made perfect in Christ. That’s Zion, our vision.
(Or)
God’s disciples are seekers with an urge to grow and mature in order to have a perfect life in Jesus Christ, which is Zion’s vision.

 

 

၅။ အသင်းတော်၌ ရှိသော သင်းဝင်သူတိုင်းသည် ခရစ်တော်၏ကိုယ်ခန္ဓအားတည်ဆောက်နိုင်ခြင်းအလို့ငှါ စုံလင်သောဆုကျေးဇူး များ နှင့် အတူ ခရစ်တော်၏တပည့်တော်များ ဖြစ်လာစေရန် အလားလာရှိသောသူများဖြစ်ပြီး တာဝန်ရှိသူများလည်းဖြစ်သည်။

Every church member is an up and coming God’s disciple who is responsible to build the body of Christ with perfected gifts of the Spirit.

 

၆။ ဘဝအသက်တာ တိုးတက်ပြောင်းလဲခြင်း ၏ အကောင်းဆုံးနေရာမှာ အဖွဲ့ငယ်များစုဝေးသည့်နေရာ (Cell Communities) ဖြစ်သည်။

The best place for life transformation is in cell communities where smaller group members are gathered together.

၇။ ဘုရားသခင်အား အထူး ဂုဏ်ပြုလေးမြတ်ခြင်း နှင့် လူများအား လေးစားဂုဏ်ပြုသော နေရာဖြစ်သည်။

Church is a place of honoring God and respecting people.

 

၈။ အသင်းတော်သည် ဘုရားသခင် ခေါ်ခြင်းနှင့် ခွဲခန့်မှတ်သားခြင်း ခံရသော ခေါင်းဆောင်များ ၏ ဦးဆောင်မှု ဖြင့်သာ မောင်းနှင်သင့်သလို ၎င်း၏ အသင်းသူ/သား များသည်လည်း ဘုရားသခင် ကို ဆက်ကပ်ဝန်ခံအပ်နှံခြင်းရှိရမည်။

Church should be steered by the leadership of those who are appointed and called by God, and the church members should submit to the will of God.

 

 

 

၉ ။ ခရစ်တော်၏ သက်သေဖြစ်ရန်အလို့ငှါ သွန်းလောင်းတော်မူသော ဝိညာဉ်တော်၏ အထဲ၌ ဗတ္တိဇံ ခံယူခြင်းနှင့် ၎င်း၏သက်သေ ထင်ရှားခြင်းတစ်ရပ်ဖြစ်သော အခြားသော ဘာသာစကားပြောခြင်း အဆင့်သို့ တက်လှမ်းသင့်သည်။

In order to become God’s testimony, the church should be baptized by the pouring Holy Spirit and step up to speaking in tongues, which is a conviction of the spirit.

 

၁၀။ စိတ်အားပြင်းပြမှု၊ ပြည့်ဝထိရောက်သော စိတ်နှလုံးယိုဖိတ်ခြင်းနှင့် ဆုတောင်းခြင်းသည် အခြေနေများ ကို ပြောင်းလဲစေပြီး ခရစ်တော်၏ ကိုယ် ခန္ဓာ ထဲ၌ တစ်လုံးတဝတည်းဖြစ်သော ယုံကြည်သူများကြား၌ တည်ဆောက်စိုက်ပျိုးသင့်သော ယဉ်ကျေးမှုဖြစ်သည်။

Passion and pouring one’s heart out in prayer can change the situations and it is a culture that should be nurtured amongst believers who are one in the body of Christ.

 

၁၁။ စုစည်း၍ ပြုစု လေ့ကျင့်ပေးခြင်းဖြင့် ရင့်ကျက်လာသော ယုံကြည်သူများကို သာသနာပြုကွင်းများသို့ စေလွှတ်ပြီး ဧဝံဂေလိသတင်းကောင်းကို ၎င်းနေရာရှိ အသင်းတော် (သို့) အဖွဲ့စည်းများနှင့် ချိတ်ဆက် လျက် အမှုဆောင်ရမည်ဖြစ်သည်။

Mature believers who are brought together and trained shall be sent to mission areas for which they shall collaborate with their church or organizations to serve and spread the gospel (good news).

 

၁၂။ များပြားစွာမွေးဖွားကြလော့။ မြေကြီးကို ပြည့်စေ၍ နိုင်ကြလော့ ဟု မိန့်မှာသော စကားတော်နှင့်အညီ ပြင်ဆင်သော လူယောက်ျား၊ လူမိန်းမ ၏ လက်ထပ်ထိမ်းမြားခြင်းသည် ဘုရားသခင်၏အကြံစည် တော်ဖြစ် ပြီး ၎င်းသည်သာလျှင် ဘုရားသခင် ဖန်ဆင်းခြင်း နှင့် ဆိုင်သော လူသားများ တိုးပွားများပြား ခြင်း အကြောင်းအရာတစ်ခုတည်းဖြစ် ကြောင်း ယုံကြည်လက်ခံသည်။

(Gen 1:28)
Just as God commanded us to “Be fruitful and multiply; fill the earth and subdue it;”
(Genesis 1:28) , wedding a man and a woman is God’s will and we believe that alone can multiply human beings who are God’s creation.

 

 

 

၁၃။ အရက်နှင့် ယဇ်မူး စေတတ်သော အဖျော်ယမကာ များ သောက်သုံးခြင်းသည် နှုတ်ကပတ်တော် ၌ တားမြစ်ထားသော အရာဖြစ်သဖြင့် အသင်းတော်၏ ခေါင်းဆောင်များ အနေနှင့် မဖြစ်မနေ ရှောင်အပ် သော ဝတ်ဖြစ်သည် ဟု ကျွန်ုပ်တို့ ယုံကြည်သည်။

The Bible prohibits us from indulging alcohol and liquors and we believe it is a “must” to abide by the church leaders.

 

 

၁၄။ အသင်းတော်သည် ပရောဖက်ပြုခြင်းနှင့်ဆိုင်သော လှုပ်ရှားမှုနှင့် တမန်တော် နှင့်ဆိုင်သော လှုပ်ရှားမှုကို သယ်ဆောင်သော နေရာဖြစ်ကြောင်း ကျွန်ုပ်တို့ယုံကြည်သည်။

We believe church is a place that carries the prophecy, movement and manifestation of Holy Spirit.

 

၁၅။ ဆယ်ဖို့တစ်ဖို့ အား သစ္စာရှိစွာ ပုံမှန် ထည့်ဝင်ခြင်းသည် ရက်ရောသော နှလုံးသား နှင့် ဘုရားသခင်အား သစ္စာရှိစွာ အစေခံခြင်းအား ဖော်ပြသော အမှုရာဖြစ်ကြောင်း ကျွန်ုပ်တို့ ယုံကြည်သည်။

We believe that offering tithe regularly faithfully represents serving God with a generous heart and one’s faithfulness.

 

၁၆။ ဘုရားသခင်၏ နဂိုအတိုင်းပြန်လည် သိမ်းသွင်းခြင်း၊ အနာဂတ်ကာလ၏ နေ့ရက်ကာ လအဆုံးသတ်ခြင်း သည်ဣသရေလ တိုင်းနိုင်ငံပေါ်၌ အကြံစည် တည်ထားခြင်းဖြစ်သောကြောင့်၊ ၎င်း တိုင်းနိုင်ငံနှင့် အတူ ရပ်တည်ခြင်း ဆုတောင်းခြင်းသည် ဘုရားနှစ်သက်သော အမှု ဖြစ်ကြောင်း ကျွန်ုပ်တို့ ယုံကြည်သည်။

 Since God’s restoration of creations to its origin and the end time of the future are set upon Israel according to His will, we believe that standing and praying for Israel are the things that pleases God and that’s what He wants us to do.