THE CITY STORY

The City အသင်းတော်သည် တူညီသည့် ခေါင်းဆောင်မှု တစ်ခုအောက်တွင် ပေါင်းစည်းလုပ်ဆောင်နေသော အမှုဆောင်လုပ်ငန်းဖြစ်သည်။ Senior Leaders ဆရာစောသီဟနှင့် ဆရာမ စူစဲန်နာမင်း၊ Senior Pastors ဆရာတိုက်တပ်စ် နှင့် ဆရာမမေရီတို့ဖြစ်သည်။

The City အသင်းတော်သည် ၂၀၁၂ခုနှစ်မှစတင်ခဲ့သည်။ ဘုရားသခင်၏မျက်မှောက်တော်ကို အလွန် ဆာငတ်တောက်လောင်သည့် မိသားစုဟူသည့် ခံယူချက်ကို ပထမနေရာ၌ စွဲကိုင်ထားပြီး၊ ကလေး၊ လူငယ်၊ လူကြီးအားလုံးသည် မိမိရှိသည့်နေရာ၌ နိုင်ငံတော်ကိုတည်ထောင်သူများဖြစ်လာရန် အမှုဆောင်လုပ်ငန်းများကိုပြင်ဆင်ထားသည်။ ခရစ်တော်၏ ကိုယ်ခန္ဓာတည်းဟူသော အသင်းတော်ကို လေ့ကျင့်ပြုစုရန်အလိုငှါ မိသားစုအတွင်း အစီအစဉ်များကို လုပ်ဆောင်ခြင်းမှတစ်ဆင့် ရရှိခဲ့သည့် အတွေ့အကြုံများနှင့် ကောင်းကြီးမင်္ဂလာများကို ကျမ်းစာကျောင်းနှင့် သင်တန်းအစီအစဉ်များမှလည်း ဆက်လက်ဖြန့်ဝေပေးနေသည့် အသင်းတော်ဖြစ်သည်။

The City အနေဖြင့်လည်း မြန်မာပြည်တွင် အသင်းတော်ခွဲများ တည်ဆောက်နေသည်။ သင်းအုပ်ဆရာ / ဆရာမ စုစုပေါင်း (၂၀) ယောက်အပြင် အခြားအမှုဆောင်များ နှင့်အတူ လုပ်ဆောင်နေသည်။