ယေရှုခရစ်တော်ကို စတင်သိကျွမ်းနိုင်ဖို့ရာ ပထမခြေလှမ်းကနေ ကြိုဆိုပါတယ်။

ယေရှုခရစ်တော်အကြောင်းကို သင်ယူလေ့လာနေတဲ့ခရီးမှာ သင်နဲ့အတူလျှောက်လှမ်းဖို့ အရမ်းပဲစိတ်လှုပ်ရှားပါတယ်။ သင်လိုအပ်တဲ့အချက်အလက်တွေ၊ video တွေနှင့်သက်ဆိုင်ရာအကြောင်းအရာတွေကို အောက်မှာဖော်ပြထားပါတယ်။

သင့်ရဲ့ဆုံးဖြတ်ချက်အတွက် ဆက်ပြီးလေ့လာနိုင်ရန်

ဘုရားသခင်နောက်ကိုလိုက်ဖို့ မကြာသေးခင်ကမှဆုံးဖြတ်ချက်ချထားရင် ဒါမှမဟုတ် သင့်ရဲ့ယုံကြည်ခြင်းခရီးအရှိန်နဲ့စတင်ချင်ရင် အထောက်အကူဖြစ်ဖို့ရာ ကျွန်ုပ်တို့မှာအရမ်းကောင်းတဲ့ဗီဒီယိုစီးရီးများစွာရှိပါသည်။ ထိုအရာတွေကို အောက်မှာကြည့်ရှုပါ။

ယေရှုခရစ်တော်နောက်ကိုလိုက်ဖို့ရန် အခုပဲဆုံးဖြတ်ချက်ချပြီးပြီလား?

I made a decision to follow Jesus

We want to communicate with you and assist you on your journey.*

ကဲစကြရအောင်!

ယေရှုခရစ်တော်ကိုစတင်လက်ခံယုံကြည်သူပဲဖြစ်ဖြစ်၊ ခရစ်တော်ကိုကိုယ့်ရဲ့ မိတ်ဆွေသူငယ်ချင်းတစ်ယောက်အနေနဲ့သိရှိချင်တာပဲဖြစ်ဖြစ် သင့်ခရီးလမ်းမှာ ကျွန်ုပ်တို့တစ်စိတ်တစ်ဒေသပါဝင်လိုပါတယ်။ ဒီစာမျက်နှာကိုဖတ်ရှုလေ့လာပြီးရင် ယေရှုခရစ်တော်ရဲ့အကြောင်းကို ပိုပြီးသိရှိလာစေဖို့ ကျွန်ုပ်တို့စိတ်ဆန္ဒရှိပါတယ်။

ယေရှုခရစ်တော်ကဘယ်သူလဲ?

ကျွန်ုပ်တို့ကို ဘုရားက သူနဲ့မိဿဟာရဖွဲ့ဖို့ ဖန်ဆင်းထားပါတယ်။ ယေရှုခရစ်တော်ဟာ ဒီကမ္ဘာမြေကြီးမှာ အပြစ်ကင်းစင်စွာ နေခဲ့တဲ့ ဘုရားသခင်ရဲ့သားတော် ဖြစ်ပါတယ်။

အပြစ်တရားဆိုတဲ့စကားလုံးကို ဘုရားနဲ့လူသားအကြား ကွဲကွာစေတဲ့အကြောင်းဖော်ပြတဲ့အခါမှာ သုံးတယ်။ အပြစ်တရားရဲ့ အဖိုးအခက သေခြင်းဖြစ်တယ်။ ရောမ ၃း၂၃မှာ ကျမ်းစာက ဒီလိုပြောထားတယ် “အဘယ်ကြောင့်နည်းဟူမူကား၊ လူအပေါင်းတို့သည် ဒုစရိုက်ကိုပြု၍ ဘုရားသခင်ရှေ့တော်၌ အသရေ ပျက်ကြပြီ”

ဒါပေမယ့်….

ကျွန်ုပ်တို့အပေါ်ထားတဲ့ ဘုရားသခင်ရဲ့ မေတ္တာက အလွန်ကြီးမားလှတာကြောင့် ဘုရားသခင်နဲ့ ကျွန်ုပ်တို့အကြား ရင်ကြားစေ့ဖို့နဲ့ သူနဲ့ အတူ မှန်ကန်စွာရပ်တည်ဖို့ ယေရှုခရစ်တော်ကို စေလွှတ်ခဲ့တယ်။

တရားခွင်တစ်ခုမှာ အမှုရင်ဆိုင်ရသလိုပဲ၊ ကျွန်ုပ်တို့အားလုံးက ကျဆုံးနေတဲ့ ကမ္ဘာကြီးထဲမှာ ရှင်သန်နေထိုင်နေလို့၊ ကျွန်ုပ်တို့အားလုံးမှာအပြစ်ရှိလို့ သေခြင်းအပြစ်ဒဏ်ကို ခံရမှာပါ။ ယေရှုခရစ်တော်က အပြစ်မရှိပဲ လက်ဝါးကားတိုင်မှာ အသေခံဖို့ တစ်ခုတည်းသော ယဇ်ဖြစ်ခဲ့တယ်။ ကျွန်ုပ်တို့ကိုယ့်ဟာကိုယ်ဆပ်ပေးလို့မရတဲ့ အပြစ်ကြွေးတွေကို သူဆပ်ပေးခဲ့တယ်။
၁ကော ၁၅း၂၁ မှာ ဒီလိုပြောထားတယ်
“သို့ဖြစ်၍ လူအားဖြင့် သေခြင်းတရားသည် တည်သကဲ့သို့၊ သေသောသူတို့၏ ထမြောက်ခြင်းတရား သည် လူအားဖြင့် တည်လျက်ရှိ၏။”

အခုဆိုရင် ယေရှုခရစ်တော် အကြောင်းသိပြီး ယုံလည်း ယုံကြည်ပြီဆိုတော့ နောက်ဘာဆက်လုပ်မလဲ ?

ယေရှုခရစ်တော်ရဲ့ အသေခံခြင်းအားဖြင့် ဘုရားသခင်နဲ့ ကျွန်ုပ်တို့က မိဿဟာရ ပြုနိုင်ပြီ။ ကျွန်ုပ်တို့ လုပ်ဖို့လိုတာဟာ အပြစ်အတွက် နောင်တရမယ်၊ နှလုံးသားထဲကနေ ယေရှုခရစ်တော်က ဘုရားသားဖြစ်ကြောင်း ယုံကြည်ပြီး နှုတ်နဲ့ ဝန်ခံယုံပါပဲ။ရောမ ၁၀:၁၀ ကဒီလိုပြောထားတယ်
“ဖြောင့်မတ်ရာသို့ ရောက်ခြင်းငှါ စိတ်နှလုံးဖြင့် ယုံကြည်ရ၏။ ကယ်တင်ခြင်းသို့ ရောက်ခြင်းငှါ နှုတ်ဖြင့် ဝန်ခံရ၏။”

BAPTISM

အကယ်၍ သင်ဟာ ယေရှုခရစ်တော်ကို သင့်ရဲ့ အသက်သခင်နဲ့ ကယ်တင်ပိုင်ရှင် အဖြစ်လက်ခံကြိုဆိုချင်တယ်ဆိုရင် ဒီလိုဆုတောင်းပါ။

ချစ်တဲ့ သခင်ယေရှု

ကျွန်ုပ် အမှားများ ကျူးလွန်မိကြောင်း ဝန်ခံပါတယ်။ ကျွန်ုပ်ဘဝအတွက် ကိုယ်တော်က အကောင်းဆုံးပြင်ဆင်ပေးထားတဲ့ အရာတွေနဲ့ လွဲချော်စေတဲ့ဆုံးဖြတ်ချက်တွေကို ကျွန်ုပ်ချခဲ့မိပါတယ်။ ကျွန်ုပ်သည် အပြစ်များပြုမိသောကြောင့် ကယ်တင်ပိုင်ရှင်ကို လိုအပ်ပါတယ်။ သခင်ယေရှုဟာ ဘုရားသားဖြစ်ကြောင်းနဲ့ အကျွန်ုပ်ကို ထာဝရအသက်ပေးရန်၊ ကျွန်ုပ်ရဲ့ အပြစ်ကြွေး ဆပ်ပေးရန် အသေခံခဲ့ကြောင်း လက်ခံ ယုံကြည်ပါတယ်။ကျွန်ုပ်ကို အောင်မြင်ခြင်းပေးရန် သခင်သည် ၃ရက်မြောက်နေ့မှာ သေခြင်းမှ ရှင်ပြန်ထမြောက်ခဲ့ပါတယ်။ ကျွန်ုပ်ရဲ့ အပြစ်များကို ခွင့်လွှတ်ပေးပါ၊ ကျွန်ုပ်ရဲ့ နှလုံးသားမှာ နေရာယူပါ၊ အပြစ်များအားလုံးကို ဆေးကြောသန့်စင်ပေးပါ၊ သခငိ့အတွက် စတင်အသက်ရှင်နိုင်စေရန် ကူညီမစပါ။ သန့်ရှင်းသော ဝိညာဥ်တော်ဘုရား ကျွန်ုပ်ဘဝမှာနေရာ ယူပြီး သခင်ဟာကျွန်ုပ်ရဲ့ကယ်တင်ပိုင်ရှင်နဲ့ အရှင်သခင်ဖြစ်ကြောင်း သိရှိနားလည်နိုင်စေရန် ကူညီမစပါ။

ကျေးဇူးတင်ပါတယ်ဘုရားသခင်

ဘုရားသခင်ရဲ့နောက်ကို လိုက်ဖို့ ဆုံးဖြတ်ပြီးပြီ ဆိုရင် အောက်မှာ ရှိတဲ့ခလုတ်ကို နှိပ်ပြီး ကျွန်တော်တို့ကို သိစေပါ။ သင့်ရဲ့ ခရီးလမ်းကို ဘုရားသခင်နဲ့ စတင်ဖို့ရာ သင့်အတွက် ပြင်ဆင်ထားတဲ့ အထူးလက်ဆောင်တစ်ခုရှိပါတယ်။

The City မှာ ရေနှစ်ခြင်း မင်္ဂလာရဲ့ တန်ခိုးကို ယုံကြည်တယ်၊ဘာလို့ ကျွန်တော်တို့ ရေနှစ်ခြင်းခံဖို့လိုလဲဆိုတာကို သိဖို့ အရေးကြီးတယ်။ ရေနှစ်ခြင်း မင်္ဂလာအကြောင်း သိဖို့ နဲ့ သင်နေတဲ့ မြို့မှာ ရေနှစ်ခြင်းခံယူနိုင်ဖို့ စာရင်းသွင်းရန်

BAPTISM

နောက်ထပ်တဆင့်က ဘာဖြစ်မလဲ ?

သင်ဟာ ခရစ်တော်ကိုသိရှိဖို့ ဆုံးဖြတ်ချက်ချလိုက်တာပဲဖြစ်ဖြစ်၊ မကြာသေးခင်က ယုံကြည်သူတစ်ယောက်ဖြစ်လာတာပဲဖြစ်ဖြစ် သင်နဲ့ အတူ သင့်ခရီးလမ်းကို လိုက်ပါဖို့ ကျွန်တော်တို့ စိတ်လှုပ်ရှားနေတယ်။ သင့်ကို ကောင်းကြီးဖြစ်စေဖို့ရာ ကျွန်တော်တို့ဆီမှာ ဆုံးဖြတ်ချက်ချခြင်းဆိုင်ရာ video series တွေ၊ download ဆွဲလို့ရတဲ့ ကျမ်းစာ ဖတ်ရှုလေ့လာခြင်းဆိုင်ရာ လမ်းညွှန်ချက်တွေ အစရှိတဲ့ အရင်းအမြစ်များစွာ ရှိပါတယ်။ အကယ်၍ ဆုံးဖြတ်ချက်ချပြီးပြီဆိုရင်လဲ သင့်ဆီကို ကျွန်တော်တို့ရဲ့ အထူးလက်ဆောင် ပေးပို့နိုင်စေဖို့ အပေါ်မှာ ဖောင်ဖြည့်ဖို့ မမေ့နဲ့နော်။